တချို့လဲကြားဖူးမယ်ထင်ပါတယ် မသိသေးသူများအတွက်ပါ
တခါက ရွာလမ်းအတိုင်း ခပ်ထုံထုံ လူနှစ်ယောက် အတူလမ်းလျှောက်လာတယ်
ရွာထိပ်ရောက်တော့ သစ်ပင်ပေါ်က တောက်တဲ့အော်သံကို နှစ်ယောက်လုံးကြားလိုက်တယ်
ပထမလူ။ ။ ဟာ့အိမ်မြောင် စုတ်ထိုးတယ်ကွ
ဒုတိယလူ။ ။ ဒါအိမ်မြောင်မဟုတ်ဘူး ပုတ်သင်ညိုကွ့
တယောက်က အိမ်မြောင့့် တယောက် ပုတ်သင်ညိုနဲ့ ငြင်းနေတာ ရွာဦးကျောင်းနားရောက်တဲ့အထိပဲတဲ့
ပထမလူ။ ။ မင်းနဲ့ ငါ ဒီတိုင်း ငြင်းနေရင် မပြီးဘူး ရွာဦးကျောင်း ဆရာတော်ကို သွားလျှောက်မယ့်
ဘယ်လိုလဲ့
ဒုတိယလူ။ ။ အေး ကောင်းတာပေါ့
ရွာဦးကျောင်းရောက်တော့ ဆရာတော်ကိုလျှောက်တယ်
ပထမလူ။ ။“အရှင်ဘုရား ရွာထိပ်က သစ်မှာ “တောက်တဲံ့ တောက်တဲံ့” နဲ့
အော်နေတာကို တပည့်တော်က အိမ်မြောင်လို့ပြောတာ သူက
မယုံဘူးတဲ့ ဘုရား ဒါကြောင့် အမှန်သိအောင် အရှင်ဘုရားမိန့်တော်မူပါ“
ဆရာတော်က တခွန်းမှ မပြောပဲ တိုင်မှာ မှီထားတဲ့ တံမြက်စည်း
ယူပြီး နှစ်ယောက်လုံးကို မှတ်လောက်အောင်ဆော်ပြီး မှ ပြောလို်က်တယ်
“ လူမိုက်တွေ အဲ့တာ မြွေဟဲ့မြွေ ”
Thursday, October 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment